ကဝ ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကဝမြို့နယ် ပြည်သူလူထုတို့ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀:၃၀)နာရီတွင် ကဝမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပထမဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ကဝမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ကဝမြို့နယ်၏ ဖွံဖြိုးရေးဆိုင်ရာ လိုအပ်ချက်များအား တင်ပြဆွေးနွေးသည်။
ထို့နောက် ကဝမြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးရဲကိုကိုက အုန်းနှဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်အား စပါးမျိုးစေ့များ ပေးအပ်ကြောင်း သိရှိရသည်။ တွေ့ဆုံပွဲသို့ မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲ (၃၀)ဦး ၊ ရပ်မိရပ်ဖ (၅၀)ဦးနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မြို့နယ်ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို နွေးထွေး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး မွန်းလွဲ (၁၂:၃၀)နာရီတွင် တွေ့ဆုံပွဲ အခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။