ဗန်းမော် ဇွန် ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ "ပန်းခင်း"စီမံချက်အား လုပ်ငန်းအဆင်ပြေ ဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနမှ ဦးဝင်းရဲထွန်းနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနမှ ဦးဝင်းရဲထွန်းက တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီးရုံး၏ "ပန်းခင်း"စီမံချက်အား ဗန်းမော်ခရိုင် အတွင်း၌ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ရာ တက်ရောက်လာသည့် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ဗန်းမော်၊ မိုးမောက်၊ မန်စီနှင့် ရွှေကူမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က သက်ဆိုင်ရာ မြို့နယ်အလိုက် "ပန်းခင်း" စီမံချက်ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြခဲ့ကြရာ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနမှ ဦးဝင်းရဲထွန်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)