ပွင့်ဖြူမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၀၇၇ ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း ၅၅၇ စုအား ပြုလုပ်ပေးပြီးဖြစ်
Oct 24,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ၂၀၂၁ ခုနှစ်၊ မေလ(၃) ရက်နေ့မှ စတင်ကာ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ နိုင်ငံသားစိစစ်ရေး ကတ်ပြား ၂၀၇၇ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ၅၅၇ စု ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံက သိရသည်။