မိုးမိတ် အောက်တိုဘာ ၂၀ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျှော့ချစေရေးနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (sinovac) ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို အောက်တိုဘာ ၂၀ ရက် နံနက် ၈ နာရီမှ စတင်ကာ စုရပ်အနေနဲ့ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(ညောင်ပင်စောက်) ဆိုပြီး စုရပ်(၃) နေရာ ခွဲ၍ ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
မိုးမိတ်မြို့နယ်တွင် အသက် (၁၂) နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူပေါင်း ကျောင်းသား (၈၁၃)ဦး ကျောင်းသူ (၉၈၄)ဦး စုစုပေါင်း (၁၇၉၇)ဦး ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိမှုမှာ (၃၃၄) လုံးရရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ထိုးနှံရာသို့ စစ်ဗျူဟာ(အခြေချ)မိုးမိတ်မှ ဗိုလ်မှူးကြီးဖြိုးမင်းဝင်း၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဇော်ဇော်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်တို့က အနီးကပ်ကြီးကြပ်ခဲ့ပြီး မိုးမိတ်မြို့နယ်မှ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာမများ ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲစခန်းမှတပ်ဖွဲ့ဝင်များက ကာကွယ် ဆေးမထိုးမီ စာရင်း ပေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏာ တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် လုံခြုံရေးဆောင်ရွက်ပေးခြင်းများကို ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)