ကြို့ပင်ကောက် အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဦးခင်မောင် ဦးဆောင်သော ဝန်ထမ်းများက ဗောဓိရိပ်သာ ကျောင်းတိုက်တွင် သီတင်းသုံးနေသော သာသနာဝင် ရဟန်းတော်(၁၁)ပါးနှင့် သာသနာနွယ်ဝင် သီလရှင်ဆရာလေ း(၁၁)ပါးအား သာသနာဝင်၊ သာသနာနွယ်ဝင် စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပြီး ယမန်နေ့ မွန်းလွဲပိုင်းကဆရာတော် ဦးဥဿာဟထံ ဆက်ကပ် လှူဒါန်းခဲ့သည်။
သာသနာတော် စည်ပင်ပြန့်ပွားရေးအတွက် သာသနာပြုလုပ်ငန်းများ လွတ်လပ်စွာပြုလုပ်နိုင်စေရန် ရည်ရွယ်ပြီး သာသနာဝင် သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြန်မာသက္ကရာဇ် (၁၃၈၃) ခုနှစ်အတွင်း ရှင်သာမဏေ(၅)ပါး၊ ရဟန်းတော် (၃၈၃) ပါးနှင့် သီလရှင်(၁၀၇)ပါးတို့အား သာသနာ ဝင်၊ သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးပြီးဖြစ်ကြောင်း အသစ်ပြုလုပ်ဆောင်ရွက်လိုပါက သက်ဆိုင်ရာ ကျောင်းထိုင် ဆရာတော်များထံ တင်ပြလျောက်ထားပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်၏ ခွင့်ပြုချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှူး ဦးဦးခင်မောင်ကပြောသည်။
ဇေယျာထွန်း