ဟိုင်းကြီးကျွန်း အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား မြန်မာ ဘာသာနှင့် ရခိုင်ဘာသာ ၂ မျိုးကို Hand Speaker ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၃)ရပ်ကွက်ရှိ ဈေးများ၊ လမ်းဆုံ လမ်းခွနေရာ များနှင့် သင်္ဘောဆိပ်များသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် "မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မဖြစ်ပေါ် စေရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင် ပသို့ ထွက်ခွာလျှင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အားအင် ကုန်ခမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက် ပြသကြရန်လိုအပ်ကြောင်း” စသည့် လိုက်နာရမည့် စည်းကမ်းချက်များအား မြန်မာဘာသာနှင့် ရခိုင်ဘာသာ ၂ မျိုးကို Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရ သည်။
နွေးနွေးအောင်ကြွယ်