သံတွဲ အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းကို ဗစ်ရောဂါကာကွယ်ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် အသက် ၁၂ နှစ် အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား /ကျောင်းသူလေး များအား ကျောင်းနေအရွယ် ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac) ကိုအောက်တိုဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ သတ်မှတ်ထား သောကျောင်းများ၏ သတ်မှတ်ကျောင်းသား ဦးရေအလိုက် သက်ဆိုင်ရာစုရပ်ဆေးထိုးစင်တာ (၁၁)ခု တွင် ပထမအကြိမ်အဖြစ် နံနက် ၈နာရီမှ စတင်ထိုးနှံပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ( ၆၂၂၆)ဦး လာရောက်ထိုးနှံခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန မှသိရှိ ရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာ စိန်နှင့်အဖွဲ့ ဝင်များ ခရိုင်ဆရာဝန်ကြီး ဒေါတ်တာရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အနီးကပ်ကြီးကြပ်လျက် ကြည့်ရှုအားပေး လျက်ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ကို ထိုးနှံမည့်သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း များ အပါအဝင် စုစုပေါင်း ၂၇ ကျောင်းမှ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၅၇၉) ရှိသည့်အနက် အောက်တိုဘာ ၁၉ ရက်နေ့ အထိ ဆေးထိုးစင်တာ ၁၁ ခုခွဲ၍ ထိုးပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ (၆၂၂၆) ဦးလာရောက်ထိုးနှံခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် အသက်၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၂၃၅၃)ဦးအား အခြားထိုးနှံမည့် အပတ်စဉ်များတွင် ကျောင်းထောက်ခံ ချက်များဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ကြောင်းသိရသည်။
ထိုသို့ဆေးထိုးရာတွင် ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကာ ကျောင်းသားစာရင်း ပြုစုခြင်း၊ စာရင်းသွင်း ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။
သံတွဲ