အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား၌ သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့က ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား

အိမ်မဲ အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက် (၁) လမ်းရှိ အိမ်မဲမြို့တည်သမိုင်းဝင် ဆုတောင်းပြည့် ရှင်ပင်ချမ်းသာကြီး ရုပ်ရှင်တော်မြတ်ကြီး၌ ယမန်နေ့ ညနေပိုင်းအချိန်က စတင်ပြီး ဘုရားဖူးလာပြည်သူများဖြင့် စည်ကားနေကြောင်း သိရ သည်။

အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရားတွင် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့က ဆွမ်းတော်ကြီးကပ်လှူပွဲကျင်းပခဲ့ပြီး သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော် (၁) ရက်နေ့များ၌ အိမ်မဲချောင်းအတွင်း ဆီမီးတစ်ထောင်ပူဇော်မီးမျှောပွဲနှင့် ရုပ်ရှင်တော်မြတ်ကြီး အား ရွှေသင်္ကန်းကပ် လှူပူဇော်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)