ဘားအံ အောက်တိုဘာ ၂၀
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ သမိုင်းဝင်ဂူဘုရားများဖြစ်သည့် ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ဆဒ္ဒန်ဂူ၊ ကော့ကသောင်ဂူ၊ ဘုရင်ညီဂူစသည့်ဂူဘုရားများ၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာ အခါတော်နေ့) အောက်တိုဘာလ ၂၀ ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ ကိုဗစ်စည်းကမ်း ချက်များနှင့်အညီ လာရောက်ဖူးမြော် လည်ပတ်ရှိကြောင်းသိရှိရသည်။
“ကျွန်မတို့ သီတင်းကျွတ်ရုံးပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ ဘုရားဖူးထွက် လာတာပါ၊ သမိုင်းဝင်ဂူဘုရားတွေလည်း ပြီးပါပြီ၊ ကျောက်ကလာပ်စေတီကို သွားရောက်ဖူးမြော်ပြီး အပန်းဖြေ အနားယူမှာ ဖြစ်ပါတယ်ဟု” သမိုင်းဝင်ဂူဘုရားများသို့ လာရောက်လည်ပတ်သည့် မစုစန္ဒီ ကပြောသည်။
ဘားအံမြို့ရှိ သမိုင်းဝင်ဂူဘုရားများ၏ သာယာလှပသောရှုခင်းများ၊ သမိုင်းဝင်ယဉ်ကျေးမှု အနုပညာလက်ရာများကို လာရောက်လေ့လာကြည့်ရှု အပန်းဖြေ အနားယူသူများ၊ ရုံးပိတ်ရက်ဖြစ် သည့်အတွက် ဘုရားဖူးပြည်သူများ များပြားလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)