အဘိဓမ္မာအခါတော်နေ့တွင် ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဌောမဟာစေတီတော်မြတ်တွင် ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိ

ပုသိမ်  အောက်တိုဘာ          ၂၀

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးကို သီတင်းကျွတ် လပြည်နေ့ အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် ယနေ့ နံနက်ပိုင်းတွင် ဘုရားဖူးသူ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ရွှေမုဌောမဟာစေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  Stay at Home သတ်မှတ်ထားသည့် ကာလအတွင်း နေ့စဉ် နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိသာ အဖူးမြှော်အကြည်ညိုခံ ဖွင့်လှစ် ပေးထားရာမှ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် ယနေ့မှစ၍ (၂၀-၁၀-၂၀၂၁) ရက် ဗုဒ္ဓဟူးနေ့နှင့် လပြည့်ကျော် ၁ ရက်နေ့ (၂၁-၁၀-၂၀၂၁) ရက် ၊ကြာသာပတေးနေ့အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ (၂) ရက်တိုင်တိုင်အများပြည်သူ အဖူးမြှော် အကြည်ညိုခံ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရွှေမုဌောဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

 

ပုသိမ်