ကျိုက်ထို အောက်တိုဘာ ၂၀
မွန်ပြည်နယ် သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမဟာမင်္ဂလာ အခမ်း အနားကိုသာသနာတော်နှစ် ၂၅၆၅ ခုမြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၂၀ ရက် နံနက် ၅နာရီတွင် စတင်ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျိုက်ထီးရိုး ရင်ပြင်တော်ရှိတိဿဆောင်ဓမ္မာရုံ၌ ကျိုက်ထီးရိုးစေတီ ဩဝါဒါစရိယဆရာတော် ဥူးပဏ္ဍိစ (ကော့ထင်း အောင်သပြေကမ္မဌာန်းကျောင်းတိုက် ဆရာတော်)အမှူးပြုသော ဩဝါဒစရိယဆရာတော်(၁၁)ပါးအားမွန်ပြည်နယ် သာသနာရေးမှူး ဦးအောင်ဝင်းထွန်း ကျိုက်ထီးရိုးစေတီ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ခေါင်းဆောင် ဦးစိုးလှနှင့်အဖွဲ့ဝင်များမှ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် အခမ်းအနားအား ဆက် လက်ကျင်းပခဲ့ရာ နိုင်ငံတော်ဩဝါဒစရိယဆရာ တော်ဥူးပဏ္ဍိစ အမှူးပြုသော ဆရာတော်(၁၁)ပါး မှ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ပြီး စေတီတော်မြတ်အား အမွှေးနံ့သာရည်များဖက်ဖျန်း ၍ပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲမဟာမင်္ဂလာကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားပူဇော်ဖွင့်လှစ်ပြီး ဆရာတော်ကြီးများထံမှ(၉)ပါး သီလခံယူတည်ဆောက်၍ ဆရာတော်ကြီးများက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ်၍ ချီးမြှင့်ပေးရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်သာသနာရေးမှူး ဦးအောင်ဝင်းထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒစရိယ ဆရာတော်ကြီးများထံ ကျိုက်ထီးရိုး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှလှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ကျိုက်ထီးရိုး စေတီဩဝါဒ စရိယဆရာတော် ဥူးတိက္ခသာရထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာအခမ်းအနားရုပ်သိမ်းခဲ့သည်။
ဝင်းမောင်(ကျိုက်ထို)