သတင်းများ

နွားထိုးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၂)ဦး တွေ့ရှိ
Jun 22,2021
နွားထိုးကြီးမြို့၊အမှတ်(၄)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည်မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံ သို့ သွားရောက်ပြီး ကျန်းမာရေးဆေးကုသမှုခံယူခဲ့ရာ ၎င်းအမျိုးသမီးတွင်ကိုဗစ် -၁၉ ရာဂါ ပိုးစစ်ဆေးတွေ့ ရှိခဲ့သဖြင့် ၎င်းနှင့်ဆက်စပ်ခဲ့သူ(၇)ဦးအား (HQ) ထားရှိခဲ့ကြောင်းသိရသည်။
ရမည်းသင်းမြို့နယ်တွင် နိကာယ်စာမေးပွဲ ဒုတိနေ့ဖြေဆို
Jun 22,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ၂၀၂၁ခုနှစ်  အစိုးရနိကာယ်စာမေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ရမည်းသင်းမြို့သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းပဉ္စမအကြိမ် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် ချေးငွေထုတ်ချေးပွဲအခမ်းအနားကျင်းပ
Jun 22,2021
၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်  မြစိမ်းရောင်ကျေးရွာစီမံကိန်းပဉ္စမအကြိမ် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲနှင့် ချေးငွေထုတ်ချေးပွဲကို ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု ချောင်းဖျားကျေးရွာ တပ်ဦးကျောင်း၌ ကျင်းပခဲ့သည်။
မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက်ပျိုးပင်များ အခမဲ့ဖြန့်ဝေပေး
Jun 22,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိသစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ် တွင် ယနေ့နံနက် ၉ နာရီ၌ ရပ်ကွက်နှင့်ကျေးရွာများတွင် သစ်ပင်များစိုက်ပျိုးနိုင် ရန်အတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ကျေးရွာ များမှ တာဝန်ရှိသူများက လာရောက်ထုတ်ယူလျက်ရှိသည်။
မြစ်သားမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 22,2021
၂၀၂၁ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်အပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကိုမြစ်သားမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်း များက ယနေ့ နံနက်(၁၀)နာရီကဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်းများ နှင့်လူစည်ကားရာ နေရာများတွင်  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်
Jun 22,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ '' ပန်းခင်းစီမံချက် " ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းရောင်းကျေးအုပ်စု အတွင်း နေထိုင်လျက်ရှိသည့် အသက် (၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ဖူးခြင်း မရှိသေးသူများကို ကျွန်းရောင်းကျေးရွာအုပ်စု ရွှေပေးကျေးရွာ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ သည်။
ဘူးသီးတောင်မြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jun 22,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးရေးပစ္စည်းများ အချိန်မီဝယ်ယူဖြည့်တင်း နိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်း များ အချိန်မီဆောင်ရွက်နိုင်စေရန်အတွက်  သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးစည်းကမ်းများနှင့်အညီ‌ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ 
ကျိုက်မရောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Showပြုလုပ် 
Jun 22,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးဆွေးပွဲ Talk Show အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။