မိုးနဲမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉ ဦး ကျန်းမာရေးကောင်းမွန်သဖြင့် နေအိမ်သို့ပြန်ခွင့်ရရှိ
Oct 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၉ ဦး ကျန်းမာရေးကောင်းမွန်သဖြင့်ဆေးရုံမှ ၎င်းတို့၏ နေအိမ်အသီးသီးသို့ ဆေးရုံ AMBULANCE ယာဉ်ဖြင့် မြို့နယ်ကြက်ခြေနီအသင်းက ယမန်နေ့နံနက်ပိုင်းက ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရပြီး ဆေးရုံဆင်းခွင့်ရရှိသူများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မီဟန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန် မှာကြားရှင်းလင်းခဲ့ကြောင်း သိရသည်။