ဖလမ်း၌‌မြေပြိုမှုဖြစ်ပွားသဖြင့်ဖယ်ရှားရှင်းလင်း

 

ဖလမ်း အောက်တိုဘာ ၂၀

 

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ၌‌အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တလန်လို ရပ်ကွက်၌ ‌အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီခန့် လမ်းမအပေါ်ဘက် ကမ်းပါးယံပြိုကျ မှုဖြစ်ပွားပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားသဖြင့်မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ရာ‌မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်ငယ်များသွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။

 

လမ်းမြို့၌‌အောက်တိုဘာလ ၁၆ ရက်၊ ညနေပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်း မှုကြောင့်တလန်လို ရပ်ကွက် ဗိုလ်ချုပ်လမ်းမ၏ အပေါ်ဘက်အမြင့်ပေ ၁၀၀၊အလျား ၈၀ ခန့်ကမ်းပါးယံမြေပြို ကျမှုဖြစ်ပွားပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားသဖြင့် ခရိုင်မီးသတ်ဦးစီးမှူးဦးစာရုံမန်း ဦးဆောင်သော ခရိုင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦးတို့က အုပ်ချုပ်မှု ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီးနှင့်မီးသတ်ယာဉ်(၁)စီး တို့ဖြင့် မြေပြိုမှုဖြစ်ပွား သည့်နေရာသို့ သွားရောက်ပြီးရပ်ကွက်နေပြည်သူ (၂၀)ဦးတို့နှင့်အတူ မီးသတ်ယာဉ်အား အသုံးပြု၍ပြိုကျနေ သောမြေစာ များရှင်းလင်းခြင်း၊ ကျောက်တုံးများအား ဖယ်ရှားရှင်းလင်းခြင်းကို နံနက် ၁၁ မှ ညနေ ၄ နာရီအထိဆောင်ရွက် ခဲ့ရာမော်တော်ဆိုင်ကယ် များနှင့်မော်တော်ယာဉ်ငယ်များသွားနိုင်ပြီဖြစ် ကြောင်းသိရသည်။

 

အဆိုပါကမ်းပါးယံမြေပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်းခရိုင် မီးသတ် ဦးစီးဌာန ရုံးမှသိရသည်။

ကိုရှိန်း