ချောင်းသာကမ်းခြေ၌ သီတင်းကျွတ်ပွဲတော်ကာလတွင် ခရီးသွားဧည့်သည်များဖြင့် အထူးစည်ကား လျက်ရှိ

ချောင်းသာ   အောက်တိုဘာ   ၂၀

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေတွင် သီတင်းကျွတ်ပွဲတော်ကာလ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ အများအပြား လာရောက် လျက်ရှိကြောင်း သိရှိရသည်။ ခရီးသွား မိဘပြည်သူများ အေးချမ်းစွာ အနားယူနိုင်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး အတွက် စည်း/ထိန်းပူးပေါင်း အဖွဲ့ဝင်များ၊ နယ်မြေခံ တပ်/ရဲ အဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များက မြို့ဝင်/ထွက်ဂိတ်၊ မြို့တွင်းလူစည်ကားရာ လမ်းဆုံများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် စစ်ဆေးခြင်း၊ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ ချောင်းသာကမ်းခြေသို့ ဧည့်သည် များ အများအပြား လာရောက်ကြသည့်အတွက် ဟိုတယ်၊ တည်ခိုခန်းများတွင်လည်း အထူးစည်ကား လျက်ရှိကြောင်း သိရသည်။

ချောင်းသာ(ပြန်/ဆက်)