ဟိုပန်မြို့ရှိ Quarantine Centre အား ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်
Jun 23,2021
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့မအားကစားကွင်းရှိ မိုးလုံလေလုံအဆောက်အဦတွင် ပြုလုပ်ထားသည့် Quarantine Centre အား “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီမှကြီးကြပ်ကာ ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။