သတင်းများ

ဝက်လက်မြို့၌ အသက် ၁၂ အထက် ကျောင်းသား၊ ကျောင်းသူများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေသည့်အပေါ်  ကျောင်းသား မိခင်တစ်ဦးနှင့် တွေ့ဆုံမေးမြန်း
Oct 21,2021
မေး။   ညီမရဲ့ အမည်၊ နေရပ်လိပ်စာလေး ၊ သိပါရစေ။ ဖြေ။    ညီမ အမည်က ဒေါ်အိတိုး ဖြစ်ပါတယ် ၊ ဝက်လက်မြို့ အမှတ် ၃ နယ်မြေ ၊ ရွှေအိုးတွင်း ရပ်ကွက်မှာ နေပါတယ်ရှင့်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဘုရားဖူးများနှင့် စည်ကားလျက်ရှိ
Oct 21,2021
သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဘုရားဖူးများနှင့် စည်ကား သိုက်မြိုက်လျှက်ရှိသည်။
ရေဦးမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသားများအား ကာကွယ်ဆေးထိုးနှံ‌ပေးနေမှုနှင့် ပတ်သက်ပြီး ကျောင်းသားနှင့် မိဘများထံ သွားရောက်တွေ့ဆုံမေးမြန်း
Oct 21,2021
မေး။ မင်္ဂလာပါသမီး။ သမီးရဲ့‌ အသက်ရယ်၊ တက်ရောက်ပညာသင်ကြားနေတဲ့ အတန်းနဲ့ ကျောင်းအမည်လေးရယ်၊ အခုကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတယ်ဆိုတာ ဘယ်လိုသိရှိခဲ့သလဲဆိုတာ‌ ပြောပြပေးပါလား။
ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များတွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့၌ စတုဒီသာကျွေူးမွေး လှူဒါန်းသည့်အလှူများဖြင့် အထူးစည်ကားလျှက်ရှိ
Oct 21,2021
၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာနေ့တွင် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များ၌ ညနေ ၃ နာရီအချိန်ခန့်မှစ၍ စတုဒီသာကျွေးမွေးလှူဒါန်းသည့် အလှူများဖြင့် အထူးစည်ကားလျှက်ရှိကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အဘိဓမ္မာအခါတော်နေ့တွင် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ဘုရား စေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြားလျက်ရှိ
Oct 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) ဖြစ်သည့် အောက်တိုဘာ (၂၀) ရက်နေ့တွင် နံနက်ပိုင်းမှစတင်၍ ရပ်ကွက်ဓမ္မာရုံ ဘုရားပွဲများ၊ ကျေးရွာဘုရားပွဲများသို့ သွားလာကြသူများ ဖြင့်စည်ကားခဲ့ပြီး၊ မြို့ပေါ်ရှိ ဘုရားပုထိုး စေတီများတွင်လည်း နံနက်ပိုင်းမှ ညဦးပိုင်းအထိ ပန်း၊ ရေချမ်း၊ ဆီမီးလာရောက် ကပ်လှူ ပူဇော်ကြသည့် ဘုရားဖူးပြည်သူများ ဖြင့် စည်ကားများပြားခဲ့ကြောင်းသိရသည်။
ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိ
Oct 21,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၌ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများအား ဘုရားတန်ဆောင်းများတွင် ဆီမီးပူဇော်ခြင်း ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း ဓမ္မာစကြာရွတ်ဖတ်ပူဇော်သူများဖြင့် ဘုရားရင်ပြင်ပေါ်တွင် များပြားစည်ကား လျက်ရှိပါကြောင်း သိရပါသည်။
ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စား စေတီတော်မြတ်ကြီးတွင် ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိ
Oct 21,2021
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ယနေ့တွင် ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်သည့် အနေဖြင့် ထားဝယ်မြို့အတွင်းရှိတန်ခိုးကြီး ဘုရားများ၊ ဘုရားကျောင်းကန် စေတီပုထိုးများ၌ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးယနေ့ထပ်မံတွေ့ရှိသူ (၁၇) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၃၉၂၄)ဦးရှိကာ ယနေ့သေဆုံးလူနာ(၅)ဦးရှိ
Oct 20,2021
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၃)ဦး စစ်ဆေးခဲ့ရာ(၃)ဦး ပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၁၉)ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၇၆) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၁၄) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၁၇)ဦး ရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ ဆေးရုံကြီးတွင် (၇) ဦး၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၂)ဦး၊ ဘောလခဲမြို့နယ် တပ်မတော်​ဆေးရုံတွင် (၂)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင် (၂)ဦး ၊ ဖားဆောင်းမြို့နယ်ဆေးရုံတွင် (၂)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင်(၁)ဦး၊ မယ်စဲ့မြို့နယ်တွင်(၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင်(၂)ဦး ထားရှိကုသပေးလျက်ရှိကြောင်းသိရှိရသည်။