ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိကုသရေးစင်တာ ပြင်ဆင် ဆောင်ရွက်
Jul 02,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း အတည်ပြုလူနာများ ထားရှိကုသရေး စင်တာကိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုတို့ဖြင့် မြို့နယ်ကျန်းမာရေး၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်း၍ အမြန်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။