သတင်းများ

ဟားခါးမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Jul 03,2021
မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်လွဲ ၂ နာရီက ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
လယ်ဝေးမြို့နယ် ထိန်အင်းကျေးရွာတွင် အခြေခံလျှပ်စစ်ပြုပြင်နည်း သင်တန်းဆင်းပွဲကျင်းပ
Jul 03,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းသင်တန်းဖြစ်သည့် အခြေခံလျှပ်စစ် ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ လယ်ဝေးမြို့နယ် ထိန်အင်းကျေးရွာ၌ ကျင်းပခဲ့သည်။
ဗန်းမောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၄၆) ဦး ထပ်မံတွေ့ရှိ
Jul 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၈၁)ဦး တွေ့ရှိခဲ့သည်ဟု ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ပြောကြားချက်အရ သိရသည်။
မြန်မာအမျိုးသမီးများနေ့အကြို လှုပ်ရှားမှု အခမ်းအနားကျင်းပ
Jul 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင် ခန်းမ၌ ယမန်နေ့ နံနက် (၉)နာရီခွဲက မြန်မာအမျိုးသမီးများ နေ့အကြို လှုပ်ရှားမှုအခမ်းအနား ကျင်းပပြုလုပ်ခဲ့ သည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Jul 03,2021
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန် ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ မှ မိုးစပါးလျာထားဧက (၂၉၇၄)ဧကအတွက် ပျိုးထောင်ရေများ စတင်ပေးဝေလျက်ရှိ
Jul 03,2021
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အတွင်းရှိ မန်းချောင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာများတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၂၉၇၄) ဧကအတွက် စတင် ပျိုးထောင်စိုက်ပျိုးနိုင်ရန် ယမန်နေ့မှစတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှ သိရသည်။
ပြည်မြို့နယ် (ဝက်ထီးကန်)၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆရာဖြစ်သင် တန်းဆင်းပွဲ ကျင်းပ
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ်ရှိ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)၌ ဇူလိုင် ၂ရက် မွန်းလွဲ ၁နာရီက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆရာဖြစ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့သည်။
Online Mobile Application များအသုံးပြု၍ လျှပ်စစ်မီတာဘေလ်များ ပေးဆောင်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ထုတ်ပြန်ကြေညာ
Jul 02,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရာတွင် မိမိနေအိမ်မှ Online Mobile Application များ အသုံးပြုလျက် စာရင်းလွှဲပြောင်း ပေးဆောင်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။