သတင်းများ

ဒဂုံမြို့သစ်တောင်ပိုင်း လူထုအခြေပြုဗဟိုဌာနတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို Talk Show ပြုလုပ်
Jul 02,2021
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ယနေ့မွန်းတည့် ၁၂ နာရီက  စာရေးဆရာမ တင်ထက်ထက်ဇော် ရေးသားသော  မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုအဖြစ် အမျိုးသမီးဂုဏ်ရည် ဆောင်းပါးခေါင်းစဉ်ဖြင့် Talk Show ကို  လူထုအခြေပြုဗဟိုဌာန (Community center) တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီရုံး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jul 02,2021
နေပြည်တော်ကောင်စီရုံး ၂၀၂၁ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီတွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ သတ်မှတ်နေရာ၌ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံကြီး၌ လာရောက်စစ်ဆေးမှုခံယူသည့် အနံ့ပျောက်လူနာ ၂၀ဦးအနက် ၁၄ ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ
Jul 02,2021
ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံကြီး၌ ဇူလိုင် ၁ရက် ယမန်နေ့က လာရောက်စစ်ဆေးမှုခံယူသည့် အနံ့ပျောက်လူနာ ၂၀ဦးအနက် ၁၄ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း သိရသည်။
လားရှိုးမြို့၌ ကိုဗစ်(၁၉) အတည်ပြုလူနာ ထပ်တိုးလျက်ရှိနေ
Jul 02,2021
ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ် ကုသရေးမြို့နယ်အဆင့်ကော်မတီ၏ စာရင်းများအရ ဇူလိုင် (၁) ရက်နေ့တွင် ပိုးတွေ့လူနာပေါင်း(၄၈၂)ဦး ရှိကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်အတွင်းရှိ ကျောင်းများသို့ Mask များ လှူဒါန်း
Jul 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ Covid-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ယနေ့မွန်းတည့် (၁၂:၀၀)နာရီတွင် မြို့နယ်အတွင်းရှိ အခြေခံကျောင်းများသို့ Mask များ လှူဒါန်းခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်   Talk Show ကျင်းပ
Jul 02,2021
ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့်(၂၅)ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show ကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင်ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး နှိုးဆောင်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ မြို့နယ်အတွင်း လိုက်လံ၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း MASK များအခမဲ့ ဖြန့်ဝေခြင်းနှင့်ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Jul 02,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ပြည်သူများလူစုလူဝေး နှင့် ဈေးသို့ သွားရောက်ပါက နှာခေါင်းစည်းMasKများကို တပ်ဆင်ပြီးမှ သွားလာကြရန် ရည် ရွယ်၍ MasK များ အခမဲ့ဖြန့်ဝေခြင်းနှင့် ဟင်းသီးဟင်းရွက်ဈေးဆိုင်ခန်းနှင့်ထမင်းဆိုင်၊ဆိုင်ခန်းများ ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၇ နာရီက သက်ဆိုင်ရာတာဝန်ရှိသူများက စုပေါင်းဆောင်ရွက်ကြခဲ့သည်။