သတင်းများ

သင်္ဃန်းကျွန်းမြို့နယ်တွင် Mask Campaign ဆောင်ရွက်
Jul 02,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များလာမှုကြောင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အများပြည်သူများ ကိုဗစ်-၁၉ အသိ၊ သတိနှင့်အတူ သွားလာနေထိုင်မှုရှိ စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက ဦးဘဟန်လမ်းနှင့် ရပ်ကွက်များအတွင်းသို့ Mask Campaign နှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 02,2021
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကမမောင်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရန် Mask Campaign ဆောင်ရွက်
Jul 02,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်ရေး Mask campaign ကို    ယနေ့ နံနက် ၉ နာရီအချိန်က သံလွင်ဦးမြို့မစျေးနှင့် ရပ်ကွက်လမ်းဆုံများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်ဒုံမြို့တွင်(Home Garden)စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား ဟင်းသီးဟင်ရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်
Jul 02,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၁၀ နာရီ က မြို့စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ကာလမှာ တစ်နိုင်တစ်ပိုင် ဟင်းသီး ဟင်းရွက်စိုက်ပျိုးပြီး မိသားစု စားဝတ်နေရေးအခတ်အခဲမရှိ အဆင်ပြေစေရေးအတွက်မြို့ပေါ်နှင့် ကျေးရွာများမှ(Home Garde )စိုက်ပျိုးမည့် အကျိုးဆောင် တောင်သူများအားဟင်းသီးဟင်းရွက် မျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့သည်။
ထီးချိုင့်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 02,2021
စစ်ကိုင်တိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် (Quarantine Centre) ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
Jul 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် (၂၉)ရပ်ကွက် ဆောက်လုပ်ရေး သင်တန်းကျောင်းတွင် Quarantine Centre ဖွင့်လှစ်နိုင်ရေးအတွက်
ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ဝင်ရောက်လာပါက ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးခံရမည်
Jul 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ခရီးသွားပြည်သူများ ဝင်ရောက်လာပါက အများပြည်သူ အကျိုးကိုရှေးရူ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုယ်အပူချိန်တိုင်းတာခြင်း ဆောင်ရွက်၍ ကိုယ်အပူချိန်မြင့်တက်လာခြင်း ၊ သံသယ လက္ခဏာများတွေ့ရှိပါက လက်ချောင်းထိပ်တွင် Pulse Oximeters ဖြင့် သွေးတွင်း အောက်စီဂျင် (SpO2) တိုင်းတာခြင်းအား ဆောင်ရွက်ပြီး SpO2  (၉၂)% အောက်ရှိသော ခရီးသွားများအား ခေတ္တနားနေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်းအောက်စီဂျင် (၉၂)% အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်ပြီး ဆေးကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ကာယကံရှင်များမှ ပေးဆောင်ရမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များဖြင့် လိုက်ပါလာသော ခရီးသွား ပြည်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ခရီးသွားရာဇဝင်နှင့် တယ်လီဖုန်းနံပါတ်များအား မှတ်တမ်းတင် ဆောင်ရွက်ခြင်း၊ Stay At Home သတ်မှတ်ထားသော မြို့နယ်များမှ ဝင်ရောက်လာသောသူများအား (၁၀) ရက်အသွားအလာ ကန့်သတ်ထားရှိပြီး (၃) ရက်မြောက်နေ့တွင် RDT Test Kit ဖြင့် ပထမအကြိမ်၊ (၇) ရက်မြောက်နေ့တွင် RT-PCR ဖြင့် ဒုတိယအကြိမ် စုစုပေါင်း (၂)ကြိမ် စစ်ဆေးဆောင်ရွက်ခြင်း၊ ခရီးသည်များ ပါးစပ်နှင့် နှာခေါင်းစည်း ၊ Mask များ စနစ်တကျတပ်ဆင်နိုင်ရေး ပညာပေးကြီးကြပ် ၊ ကြပ်မတ် ဆောင်ရွက်သွားခြင်း စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ Positive လူနာများတွေ့ရှိပါက ရွာငံ ၊ ကလောနှင့် နောင်ချို ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခြင်း ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သော Contact Person များကို ရွာငံ ၊ ကလော ၊ နောင်ချိုနှင့် အခြားသက်ဆိုင်သည့် မြို့နယ်များရှိ Community Based Facility Quarantine Center များသို့ ပို့ဆောင်၍ သွားလာမှု ကန့်သတ် ဆောင်ရွက်ခြင်း၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာမှု မရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ခရိုင်ပြန်/ဆက်ရုံး ဝန်ထမ်း များမှ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်
Jul 02,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း MASK အခမဲ့ဖြန့်ဝေမှုများဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံး ဝန်ထမ်းများက လူစည် ကားရာ နေရာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။