သတင်းများ

မင်းလှမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး
Jul 03,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ သစ်တောဦးစီးဌာနမှ စီစဉ် ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုဖောက်ပြန်ခြင်းများ လျော့နည်း စေပြီး သဘာ၀ ဘေးအန္တရာယ်များ ကင်းဝေးစေနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် (၈)နာရီက စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၁၇)အကြီးစား စက်ရုံ(မလွန်)၊ အမှတ်(၁)ဝန်ထမ်း လိုင်းခန်းအနီး မြေကွက်လပ်၌ စိုက်ပျိုးခဲ့သည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်​ရေး​ ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း ​မုဒုံမြို့ရှိ ဘဲ​မွေးမြူ​ရေးခြံနှင့် အဇင်း​ရေ​လှောင်တမံသို့ ကြည့်ရှုစစ်ဆေး
Jul 03,2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများသည် ယမန်နေ့ မွန်းလွဲ ၂နာရီခွဲက မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်ရှိ ဥစားဘဲ​မွေးမြူ​ရေးခြံသို့ ​သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 03,2021
သစ်ပင်သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန် ၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈) နာရီက ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာ၊ ခုနှစ်မိုင်ဂေါက်ကွင်း တွင်ကျင်းပပြုလုပ်ရာ ကော့သောင်းရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ သစ်တောဦးစီးဌာန ဝန်ထမ်းများ ၊ NGO အဖွဲ့များ ၊ ရပ်ကျေးပြည်သူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။
ဆင်တိုးကျေးရွာသို့ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေ ကျပ်သိန်းသုံးရာအား လွှဲပြောင်းပေးအပ်
Jul 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာဆောင်ရွက်မည့် ဆင်တိုးကျေးရွာအား ရန်ပုံငွေ ကျပ်သိန်းသုံးရာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jul 03,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် မီတာ(၄၀၀)အားကစားကွင်းတွင် မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးကျင်းပသော မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်(၉၁)ဦး ထပ်မံတွေ့ရှိ
Jul 03,2021
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများ ရှိနေပြီး ဇူလိုင်လ ၂ ရက် ယနေ့ညနေပိုင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန် ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၉၁)ဦး ထပ်မံတွေ့ရှိကာ တိုင်းဒေသကြီးအတွင်း အတည်ပြု လူနာပေါင်း (၄၇၀)ဦး အထိရှိလာကြောင်း သိရှိရသည်။
ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်အတွက် ကင်မွန်းခြုံကျေးရွာရှိ ရေထိန်းတံခါးတွင် ပိတ်ဆို့နေသည့် အမှိုက် များအား ရှင်းလင်းဖယ်ရှား
Jul 03,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ကင်မွန်းခြုံ ကျေးရွာရှိ ရေထိန်းတံခါးတွင် ပိတ်ဆို့နေ့သည့် အမှိုက်များအား ယမန်နေ့က ဖယ်ရှားရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိုင်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jul 03,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ယနေ့ နံနက်(၇)နာရီအချိန်က မိုးရာသီသစ်ပင်စိုက် ပွဲတော်ကို အမှတ်(၃) တပ်မတော်အကြီးစားစက်ရုံ(ခွဲ) မြိုင်စက်ရုံဝန်းတွင် ကျင်းပရာ ပခုက္ကူခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် စက်ရုံဝန်ထမ်း မိသားစုများအင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ကြသည်။