သတင်းများ

ပေါက်ခေါင်းမြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးစစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်ဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့အဝင်ဂိတ်တွင် ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေး စစ်ဆေးရေး ဂိတ်ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်နှင့်မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားပြုလုပ်
Jul 02,2021
စစ်ကိုင်းတိုင်းဒေသကြီး, ခန္တီးမြို့တွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်နှင့်မြို့နယ် ကလေး သူငယ် အခွင့်အရေးဆိုင်ရာကော်မတီနှင့် ခရိုင်နှင့်မြို့နယ် အမျိုးသမီးကော်မတီ (၃)လတစ်ကြိမ် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ချမ်းမြသာစည်လေဆိပ်အတွင်း COVID CENTER စတင်ဆောက်လုပ်နေမှုအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကို လာရောက်ကြည့်ရှု
Jul 02,2021
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၄၁၀-A)၊ ချမ်းမြသာစည် လေဆိပ်အတွင်း COVID CENTER စတင်ဆောက်လုပ်နေမှုအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  ဦးမောင်ကိုက ဇူလိုင်လ ၂ရက်နေ့ နံနက် ၁၀နာရီ ၄၀မိနစ်က လာရောက်ကြည့်ရှုခဲ့သည်။
ရန်ကင်းမြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ
Jul 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်၊ အမှတ်(၁၅) ရပ်ကွက်မိုးကောင်း လမ်းမှတ် တမ်းရုံးဝင်း အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၁၁ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
Semi Lock Down ဧရိယာအဖြစ် သတ်မှတ်ထားရှိသော ပြည်မြို့ သုခါရာမကျောင်းတိုက်ရှိ ကျောင်းနေ သံဃာတော်၊ သီလရှင်၊ ယောဂီနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူတို့အတွက် ဆွမ်းကွမ်းဝေယျာဝစ္စနှင့် နေထိုင်စားသောက်ရေးများ ဆောင်ရွက်ပေး
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရွှေဟင်္သာအရှေ့ပေါက်ရှိ သုခါရာမဘုန်းတော်ကြီး ကျောင်း၌ သီတင်းသုံးနေထိုင်သော ခန်းနေဆရာတော်တစ်ပါးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါကျောင်းအား Semi Lock Down ဧရိယာအဖြစ် သတ်မှတ်ထားရှိပြီး ကျောင်းနေ သံဃာတော်၊ သီလရှင်၊ ယောဂီနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူတို့အတွက် ဆွမ်းကွမ်းဝေယျာဝစ္စနှင့် နေထိုင်စားသောက်ရေးတို့ကို တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။
မိုင်းရယ်တွင် လူတိုင်း နှာခေါင်းစည်းဝတ်ဆင်ရေးနှင့် ဈေးသူဈေးသားများ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ရောင်းဝယ်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်
Jul 02,2021
လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် လူတိုင်းနှာခေါင်းစည်းဝတ်ဆင်ရေးနှင့် နှာခေါင်းစည်းပေးဝေခြင်း၊ ဈေးသူဈေးသားများ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ရောင်းဝယ်မှုရှိစေရေးတို့ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ဦးစီး၍ ယနေ့နံနက် ၇ နာရီက မိုင်းရယ်မြို့မ ဈေးကြီးတွင် ဆောင်ရွက်ခဲ့သည်။
၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျောက်ဖြူမြို့၌ကျင်းပ
Jul 02,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(အသစ်)ရှေ့ မြေနေရာတွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယနေ့၊ မွန်းလွဲ(၂)နာရီ အချိန်က ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။