သတင်းများ

ပန်းတနော်​မြို့၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းများအတွက် လုပ်ငန်း ညှိနှိုင်းဆွေးနွေး
Jul 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီက ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ပေးရေး ဥပဒေနှင့် သိကောင်းစရာအသိပညာပေး (Talk Show)ဆောင်ရွက်
Jul 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀နာရီအချိန်က စားသုံးသူကာကွယ်ပေးရေး ဥပဒေနှင့် သိကောင်းစရာအသိပညာပေး (Talk Show)ကို ဆောင်ရွက်ခဲ့သည်။
မြစိမ်းရောင်( အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေကျပ် သိန်း(၃၀၀ )ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 02,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေကျပ် သိန်း(၃၀၀) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန် က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်အဟုန်မြှင့် အထူးကြပ်မတ် ဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် အရှိန်အဟုန်မြှင့် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း ဦးဆောင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့ဝင်များက ရေတာရှည်မြို့ရှိ ရန်ကုန်-မန္တ​လေးလမ်းပေါ်တွင် နှာခေါင်းစည်း (Mask) များအား အပြင်ထွက်လျှင် တပ်ဆင်သွားရန် အသိပညာပေး ​စစ်​ဆေး​ဆောင်ရွက်ခဲ့သည်။
ဝါးခယ်မမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်
Jul 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂ လသားမှ ၁ နှစ်ခွဲထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကျန်းမာ‌ရေး ဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ နွေစပါးမျိုးစေ့ထုတ်စံကွက်တောင်သူများအား သွင်းအားစုမြေဩဇာနှင့် လုပ်အားခငွေ ထောက်ပံ့ပေးအပ်
Jul 02,2021
စိုက်ပျိုးရေးဦးစီးဌာနနှင့် Strengthening Agricultural Extension in Myanmar (SAEM) Project တို့ ပူးပေါင်းဆောင်ရွက်သည့် နွေစပါးမျိုးစေ့ထုတ် စံပြကွက်တောင်သူများအား သွင်းအားစုမြေဩဇာနှင့် လုပ်အားခ ငွေထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀နာရီက ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံး၌ ကျင်းပသည်။
ထန်းတပင်မြို့နယ်တွင် နှာခေါင်စည်း (Mask) များ တပ်ဆင်သွားလာသည့် အလေ့အထများဖြစ်စေရန် Mask Campaign ပြုလုပ်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင် မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက် သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း လုပ်ငန်း (Mask Campaign)ကို ယနေ့ နေ့လယ် (၁၁)နာရီက လူစည်ကားရာ မြို့တွင်းလမ်းဆုံနေရာများ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံကွန်ပျူတာ သင်တန်းဖွင့်
Jul 02,2021
ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ အခြေခံကွန်ပြူတာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးတွင် ကျင်းပခဲ့သည်။