ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း MASK များအခမဲ့ ဖြန့်ဝေခြင်းနှင့်ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်

ဒေါ့ဖုန်းယန် ဇူလိုင် ၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ပြည်သူများလူစုလူဝေး နှင့် ဈေးသို့ သွားရောက်ပါက နှာခေါင်းစည်းMasKများကို တပ်ဆင်ပြီးမှ သွားလာကြရန် ရည် ရွယ်၍ MasK များ အခမဲ့ဖြန့်ဝေခြင်းနှင့် ဟင်းသီးဟင်းရွက်ဈေးဆိုင်ခန်းနှင့်ထမင်းဆိုင်၊ဆိုင်ခန်းများ ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၇ နာရီက သက်ဆိုင်ရာတာဝန်ရှိသူများက စုပေါင်းဆောင်ရွက်ကြခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ စနစ်တကျ လက်ဆေး ကြရန်၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်နှံ့မှု နှုန်းသည် လျင်မြန်စွာ များပြားနေသည့်အတွက် ပြည်သူများအနေဖြင့်၊ စည်းကမ်းချက်များကို အထူးလိုက်နာ ဆောင်ရွက်ကြရန် နေအိမ်ပြင်ပထွက်ခွာပါက Mask တပ်ဆင်ပြီးမှသာ ထွက်ခွာကြရန် အသိပညာပေး၍ ဈေးနှင့်လမ်းသွားလမ်းလာ ပြည်သူများအား Mask များအခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ဟင်းသီးဟင်းရွက်ဈေးဆိုင်ခန်း၊သစ်သီးဆိုင်ခန်းနှင့်ထမင်းဆိုင်၊ ဆိုင်ခန်းများ ပိုးသတ်ဆေးဖျန်းခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ဦးဆောင်၍ ပိုးသတ်ဆေးဖျန်းခြင်းကို ဆက်လက်ဆောင်ရွက် အသိပညာပေးခဲ့ကြကြောင်း သိရသည်။

မြသက်( ပြန်/ဆက် )