ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံကြီး၌ လာရောက်စစ်ဆေးမှုခံယူသည့် အနံ့ပျောက်လူနာ ၂၀ဦးအနက် ၁၄ ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

 

 

 

ပြည် ဇူလိုင် ၂

 

ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံကြီး၌ ဇူလိုင် ၁ရက် ယမန်နေ့က လာရောက်စစ်ဆေးမှုခံယူသည့် အနံ့ပျောက်လူနာ ၂၀ဦးအနက် ၁၄ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း သိရသည်။

 

ဇူလိုင် ၁ ရက် ယမန်နေ့နံနက် ၁၁ နာရီနှင့် မွန်းလွဲ ၃နာရီအချိန်တို့က ပြည်မြို့‌ ပေါ်ရပ်ကွက်များဖြစ်‌သော ကျောင်းကြီးအိုးတန်း၊ ရွှေဟင်္သာအရှေ့ပေါက်၊ ဆင်စု၊ ခေတ္တရာမြို့သစ်၊ ရွာဘဲ၊ ပြည်သာယာ၊ နဝင်း၊ နဝဒေးနှင့် ကံစုကျေးရွာတို့မှ လာရောက်စစ်ဆေးမှုခံယူသည့် အဆိုပါအနံ့ပျောက် ၂၀ ဦးကို RDTဖြင့် စစ်ဆေးခဲ့ရာ သံဃာတော်တစ်ပါးနှင့် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ဦး စုစုပေါင်း ၁၄  ဦးတို့တွင်

ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းတို့ကို ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်မြို့နယ်တွင် ဇူလိုင် ၁ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိအတည်ပြုလူနာ စုစုပေါင်း ၁၀၈ ဦးထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။

 

ကိုဆက်