သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်   Talk Show ကျင်းပ

 

ရန်ကုန်  ဇူလိုင်  ၂

ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့်(၂၅)ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show ကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင်ကျင်းပခဲ့သည်။

အဆိုပါ Talk Show ကို ခရိုင်ဦးစီးအရာရှိ ဒေါ်စန္ဒာမိုးနှင့် စာရေးဆရာမပေါက်ပေါက်တို့က မြန်မာ အမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသမီးများဘဝမြှင့်တင်ရေး၊ မိန်းမကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အခြေခံအရည်အချင်းများ အစရှိသည့်အချက်များကို ဆွေးနွေးခဲ့သည်။

ထိုသို့ အသိပညာပေး Talk Show အစီအစဉ်များကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။

လင်းလင်းထွန်း