ဒဂုံတောင် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ယနေ့မွန်းတည့် ၁၂ နာရီက စာရေးဆရာမ တင်ထက်ထက်ဇော် ရေးသားသော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုအဖြစ် အမျိုးသမီးဂုဏ်ရည် ဆောင်းပါးခေါင်းစဉ်ဖြင့် Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community center) တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သန်းသန်းအေးက Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာရေးဆရာမ တင်ထက်ထက်ဇော် ရေးသားသောဆောင်းပါးအကြောင်း အကျဉ်းချုပ်ပြောကြားခဲ့ပြီး စာကြည့်တိုက် လက်ထောက်-၃ ဒေါ်သန်းသန်းအေးက ပဒုမ္မနီမိန်းမတို့၏ သဘာဝ၊ စိတ္တရနီ မိန်းမတို့၏ သဘာဝ အစရှိသည့် အကြောင်းအရာများကို ဖတ်ပြဆွေးနွေးခဲ့ပြီး စာပေဝါသနာရှင် ဦးသိမ်းစိုးက မြန်မာအမျိုးသမီးလေးများ၏ ဝတ်စားဆင်ယင်မှုနှင့်နေထိုင်ပုံကိုကြည့်ခြင်းအားဖြင့် မိမိတို့ဂုဏ်သိက္ခာ အဆင့်အတန်းကို သိမြင်နိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သက်မင်းဟန် (ပြန်/ ဆက်)