ကျောက်တံတားမြို့နယ်အတွင်းရှိ ကျောင်းများသို့ Mask များ လှူဒါန်း

ကျောက်တံတား ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ Covid-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ယနေ့မွန်းတည့် (၁၂:၀၀)နာရီတွင် မြို့နယ်အတွင်းရှိ အခြေခံကျောင်းများသို့ Mask များ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာ အထက်တန်းကျောင်းသို့ Mask (၃၀၀၀)ခန့်၊ အမှတ် (၅) အခြေခံပညာ မူလတန်းကျောင်းသို့ Mask (၁၀၀၀)ခန့်၊ အမှတ် (၆) အခြေခံပညာမူလတန်းကျောင်းသို့ Mask (၁၀၀၀)ခန့် စုစုပေါင်း Mask (၅၀၀၀)ခန့် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။