လားရှိုး ဇူလိုင် ၂
ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ် ကုသရေးမြို့နယ်အဆင့်ကော်မတီ၏ စာရင်းများအရ ဇူလိုင် (၁) ရက်နေ့တွင် ပိုးတွေ့လူနာပေါင်း(၄၈၂)ဦး ရှိကြောင်း သိရသည်။
လားရှိုးပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသဆောင်၌ (၁၆၆) ဦး၊ ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံ စောင်ကြည့်ကုသဆောင်၌ ကိုဗစ်(၁၉) အတည်ပြုလူနာ စုစုပေါင်း (၁၇၇)ဦး၊ ဆေးရုံဆင်းသူ (၁၃၂)ဦး၊ မိုးကုတ်ဝိပဿနာ၌ CBFQ ထားရှိသူ(၁၉)ဦးနှင့် သေဆုံးသူ (၇) ဦး ရှိကြောင်း သိရသည်။
ထိုပြင် ရပ်ကွက်အချို့၏ အိမ်များတွင်လည်း ကိုဗစ်သံသယဖြင့် သေဆုံးသူများလည်း ရှိနေကြောင်း၊ အဆိုပါ သေဆုံးသူများအား ကိုဗစ်(၁၉) အော်ပရေးရှင်းလူမှုကူညီရေးအသင်း များက ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များအတိုင်း ပို့ဆောင်သင်္ဂြုလ် ပေးနေကြောင်း၊ ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှလည်း မြို့တွင်းရပ်ကွက်(၁၂)ခုလုံး၌ နေ့စဉ် Stay at home အစီအစဉ်မှ လိုက်နာရမည့် အကြောင်းအရာများကို သတ်မှတ်အဖွဲ့များအလိုက် ပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)