သတင်းများ

မုဒုံမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပွဲ ကျင်းပ
Jul 03,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့၌ ၂၀၂၁ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ရွှေဟင်္သာဂေါက်ကွင်းတွင် ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပူတာအို၌ ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းဖွင့်
Jul 03,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ဦးဆောင်မှုဖြင့် ကျေးရွာအဆင့်ခေါင်းဆောင်မှုနှင့်အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုး ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း
Jul 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်တွင် သံဃာတော်များ ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းခံမထွက်ရသဖြင့် ကိုဗစ်စည်းကမ်းများနှင့်အညီ သီတင်းသုံးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ဇေယျဝတီ​စာသင်တိုက်နှင့် ဇောတိကာရုံ စာသင်တိုက်များသို့ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မိသားစုမှ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပွဲတော် ပြုလုပ်
Jul 03,2021
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးမိသားစုဝန်ထမ်း အိမ်ရာ၌ စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြသည်။
မင်းလှမြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး
Jul 03,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေး ရွာအနီး၊ စိန်ကန့်လန့်- မြို့ချောင်း လမ်းမိုင်တိုင်အမှတ် ၁၀ ၊ မုက္ခာကြိုး ဝိုင်း အကွက်အမှတ်(၂၉) ၌ သစ်တောဦးစီးဌာနက သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းသာယာစို ပြေစေရေးအတွက် မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
မြိုင်မြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုး/ဘွား(၁၅၂၂)ဦးအား လူမှုရေးပင်စင်ထောက်ပံ့
Jul 03,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး၊ဘွား (၁၅၂၂)ဦး တို့အား လူမှုရေးပင်စင်ကို ဇူလိုင်လ(၁)ရက်နေ့မှစ၍ တစ်ဦးလျှင် သုံးလစာအတွက် ငွေကျပ် သုံးသောင်းနှုန်းဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲ ကျင်းပ
Jul 03,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)၏ စီစဉ်မှုဖြင့် ဝန်ထမ်းများ၊ အင်္ဂလိပ်စာ အသုံးအနှုန်း မှန်ကန်ရေးနှင့် အသံထွက်မှန်ကန်ရေး၊ လုပ်ငန်းခွင်၌ အင်္ဂလိပ်စာကျွမ်းကျင်မှုရှိရန်နှင့် စွမ်းဆောင်ရည်မြင့်မားရေး စသည့် အင်္ဂလိပ်စာအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ထားဝယ်မြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပ
Jul 03,2021
၂၀၂၁ ခုနှစ်၊ မြန်မာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။