လယ်ဝေး ဇူလိုင် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းသင်တန်းဖြစ်သည့် အခြေခံလျှပ်စစ် ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ လယ်ဝေးမြို့နယ် ထိန်အင်းကျေးရွာ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် လယ်ဝေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး ထိန်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို (၁၆.၆.၂၀၂၁)ရက်မှ (၂.၇.၂၀၂၁)ရက်အထိ (၃)ပတ်ကြာ သင်ကြားပို့ချခဲ့ပြီး အခြေခံလျှပ်စစ်ပြုပြင်နည်းသင်တန်း ကို လယ်ဝေးမြို့နယ် ထိန်အင်းကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ သင်တန်းသား (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)