ပြည် ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ်ရှိ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)၌ ဇူလိုင် ၂ရက် မွန်းလွဲ ၁နာရီက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆရာဖြစ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ထွန်းက သင်တန်းဆင်းအမှာ စကားပြောကြားပြီး သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ ထုချွန်ဆုရရှိသည့် သင်တန်းသားများကို ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ အမှတ်(၂) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း(ဝက်ထီးကန်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်နှင့် တပ်ဖွဲ့ဝင်များ၊ အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေး နှင့်ဝန်ထမ်းများ၊ဝက်ထီးကန်တိုက်နယ်ဆရာဝန်ဒေါက်တာ တင်ဌေးဌေးအိ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)မှစခန်းတာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးလွင်နှင့် အရာထမ်း၊အမှုထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
အဆိုပါ သင်တန်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနလက်အောက်ရှိ မူးယစ်ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေး စခန်းအသီးသီးမှ သင်တန်းတက်ရောက်သည့် အရာထမ်း/အမှုထမ်း သင်တန်းသား/သူ စုစုပေါင်း(၁၆)ဦးအား စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာလုပ်ငန်းများ စနစ်တကျ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို ယခုနှစ် ဇွန် ၂၁ ရက်မှ ဇူလိုင် ၂ ရက်နေ့အထိ ၁၂ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း အဆိုပါမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း တာဝန်ခံအရာရှိထံမှ သိရသည်
ကိုဆက်