ဟားခါးမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဟားခါး ဇူလိုင် ၃
မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်လွဲ ၂ နာရီက ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
 
အခမ်းအနားတွင်း ချင်းပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ၊ ကောင်စီဝင်(၃) ဦးကျော်ငြိမ်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် ချင်းပြည်နယ် လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးစောင့်ရှောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် လည်းကောင်း၊ ချင်းပြည်နယ် အမျိုးသမီးရေးရာ အတွင်းရေးမှူး ဒေါ်ပုမ်ခန့်နွမ်းက ချင်းပြည်နယ် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကာ အခမ်းအနားပြီးမြောက် ကြောင်းသိရသည်။
 
ဟားခါးခရိုင်(ပြန်/ဆက်)