ဗန်းမောက် ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၈၁)ဦး တွေ့ရှိခဲ့သည်ဟု ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ပြောကြားချက်အရ သိရသည်။
ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ဇူလိုင်လ (၁) ရက်နေ့ထိ (၁၃၅) ဦးရှိပြီး ဇူလိုင်လ (၂) ရက်နေ့တွင် ရောဂါကူးစက်ခံရသူ ထပ်တိုး (၄၆) ဦး၊ စုစုပေါင်း (၁၈၁) ဦးရှိသည်ဟု သိရှိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အား/ကာခန်းမ (Quarantine Center)၊ ပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းနှင့် ပြည်သူ့ဆေးရုံ တိုးချဲ့နှစ်ထပ် ဆောင်တို့တွင် ဆေးကုသခံယူဆဲဖြစ်သည်ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။
ကျော်စွာ(ဗန်းမောက်)