သတင်းများ

ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝိုင်းမော်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 03,2021
ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာရှိ မြေကွက်လပ်တွင် ဌာနတွင်းဝန်ထမ်းများ စုပေါင်း၍ သစ်ပင်များ စိုက်ပျိုး ခဲ့ကြသည်။
မိုင်းကိုင်မြို့နယ်၌ ၂၀၂၁ ခုနှစ် ၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဝမ်ဖွီးကျေးရွာအုပ်စု၊ ကတ်ဖွီးကျေးရွာအဝင် ဆိုင်းဘုတ်အနီး ကွင်းပြင်၌ ကျင်းပပြု လုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦး စီးဌာန ဦးစီးအရာရှိ ဦးစိုင်းခွန်ဖုန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်ကွက်လုပ်သား ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ကန်ပိုက်တီမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်
Jul 03,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၌ မြို့ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယမန်နေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး Mask Campaign လှုပ်ရှားမှု ဆောင်ရွက်ခဲ့သည်။
သောက်သုံးရေရှားပါးသည့် ပျဉ်တိုင်းကျေးရွာသို့ ရေဂါလံ ၂၄၀၀လှူဒါန်း
Jul 03,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သောက်သုံးရေခက်ခဲလျက်ရှိသည့် ပျဉ်တိုင်း ကျေးရွာသို့ သောက်သုံးရေ ဂါလံ ၂၄၀၀ လှူဒါန်းခြင်းအား ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်နှင့် ယနေ့ နံနက် ၈နာရီ အချိန်ခန့်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေးရွာ (လှသကောအင်း) သဘာဝရေပြင်အတွင်း ငါးမျိုးများစိုက်ထည့်
Jul 03,2021
သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေးရွာ (လှသကောအင်း) သဘာဝရေပြင်အတွင်း ငါးသယံဇာတ တိုးပွားရေး၊ ငါးရိက္ခာဖူလုံရေးနှင့် ငါးစားသုံးမှုတိုးတက်စေရန် ရည်ရွယ်၍ သဘာဝရေပြင်၊ ရေကန် အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၅)ဦး ထပ်မံတွေ့ရှိ
Jul 03,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မောင်တောမြို့နယ်သို့ ပြောင်း ရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ကျောက်လှေကားကျေးရွာ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကြပ်ပြီး မောင်တောပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား ယမန်နေ့ က Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ (၁၅)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မချမ်းဘော့မြို့တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင် ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည် အသိပေး ကြေညာ
Jul 03,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက်(၉)အချိန်၌ မချမ်းဘော့မြို့ မြို့မဈေးနင့်မြို့ ပေါ်ရှိ ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့်လိုက်လံ အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်း စစ်ဆေး
Jul 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေမှု နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။