ရန်ကုန် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရာတွင် မိမိနေအိမ်မှ Online Mobile Application များ အသုံးပြုလျက် စာရင်းလွှဲပြောင်း ပေးဆောင်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်း လျှပ်စစ်မီတာဘေလ်ပေးဆောင်ကြမည့် မိဘပြည်သူများ အနေဖြင့် အောက်ပါဘဏ် / Mobile Wallet များဖြစ်သောကမ္ဘောဇဘဏ် ( KBZ )၊ ဧရာဝတီဘဏ် (AYA)၊ သမဝါယမဘဏ် (CB)နှင့် MytelPay တို့မှ တစ်ဆင့် သတ်မှတ်ရက်အလိုက် ပေးဆောင်နိုင်ပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယနေ့ရက်စွဲဖြင့် အသိပေးကြေညာထားခြင်း ဖြစ်သည်။
ထို့ပြင် ငွေတောင်းခံသည့်လ ငွေပေးဆောင်နိုင်သည့်ကာလအနေဖြင့် ၃/၂၀၂၁ လအတွက် ၃.၇.၂၀၂၁ မှ ၇.၇.၂၀၂၁ အထိလည်းကောင်း၊ ၄/၂၀၂၁ လအတွက် ၉.၇.၂၀၂၁ မှ ၁၃.၇.၂၀၂၁ အထိလည်းကောင်း၊ ၅/၂၀၂၁ လအတွက် ၁၄.၇.၂၀၂၁ မှ ၁၈.၇.၂၀၂၁ အထိလည်းကောင်း၊ ၆/၂၀၂၁ လအတွက် ၁၉.၇.၂၀၂၁ မှ ၂၅.၇.၂၀၂၁ အထိလည်းကောင်း ပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
စန္ဒာမိုး(ပြန်/ဆက်)