ပုသိမ် ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင် ခန်းမ၌ ယမန်နေ့ နံနက် (၉)နာရီခွဲက မြန်မာအမျိုးသမီးများနေ့အကြို လှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးအုန်းမြင့်နှင့် အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော အမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က အဖွင့်အမှာစကား ပြောကြားရာ တွင် “မြန်မာနိုင်ငံဟာ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်း ရှင်း (UNCEDAW) ကို ၁၉၉၇ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့် အညီ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများဘဝ လုံခြုံရေး၊ ခွဲခြားဆက်ဆံမှုနှင့် ဒီဥပဒေကို အမျိုးသမီး တိုင်း လက်လှမ်းမီရရှိစေဖို့အတွက် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဒီလိုအသိ ပညာပေးခြင်းဖြင့် အမျိုးသမီးတွေအတွက်၊ မိသားစုအတွက်သာမက ရပ်ရွာလူထုအဖွဲ့ အစည်း တစ်ရပ်လုံး အတွက်ပါ အကျိုးရှိသွားစေရန်ဖြစ်ကြောင်း၊ ထို့အပြင် အမျိုးသမီးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရာတွင် လည်း အမျိုးသမီး တစ်ယောက်ချင်းစီကနေ စရမှာဖြစ်ပြီး တစ်ယောက်ကအစ အဖွဲ့အစည်းတစ်ရပ်လုံး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် သူ၏မိသားစုနှင့် ရပ်ရွာအတွက် အကျိုးရှိသွားစေဖို့ဖြစ်ကြောင်း၊ ဒီလုပ်ငန်းများ ဆောင်ရွက်ရာမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံး ပြည်ထောင်စု အဆင့် မှ အောက်ခြေအဆင့်အထိ ကျယ်ကျယ် ပြန့်ပြန့် ဖွဲ့စည်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ဝင်များရဲ့ အင်အားကလည်း ထိရောက်တဲ့ အင်အား တစ်ရပ်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီး ကော်မတီ အနေနဲ့လည်း ပံ့ပိုးကူညီပေးသွားရမှာ ဖြစ်ကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ဖို့ရင် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကင်းဝေးရမည်၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ယူတတ်မြောက်ရန်လို ကြောင်း၊ ထိုနည်းတူစွာပင် ဆုံးဖြတ်ချက်ချမှတ်မှု၊ ခေါင်းဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေပါဝင်မှု မြင့်တက်ဖို့လိုကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရက အမျိုးသမီးထုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ပြီး အစီအစဉ်များ စနစ်တကျချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုကြောင်း” ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး အမျိုးသမီး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးအုန်းမြင့်က မြန်မာအမျိုးသမီးများ နေ့ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပြီး အမျိုးသမီးများ၏ လက်မှုပညာနှင့် အစားအစာ ပြခန်းအား တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုခဲ့ကြသည်။
မြင့်ဟန်