သတင်းများ

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 03,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများသို့ သောက်သုံးရေ ဂါလံ (၂၈၀၀) သွားရောက်လှူဒါန်း
Jun 03,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် ရေထွက်ကျေးရွာအုပ်စု ဥသျစ်ကုန်းကျေးရွာသို့ ယမန်နေ့ နံနက် (၁၀)နာရီ အချိန်ခန့်က သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် အတွင်းရှိကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး
Jun 03,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိ သေးသည့် ဒေသခံ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန် အတွက် ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်ကနတ်မောက်မြို့နယ် ရွှေပန်းတော အုပ်စုအတွင်းရှိ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးခဲ့ သည်။
ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ကော်ဖီစိုက်ဧက ၁၀၄၁ ဧကစိုက်ပျိုး အောင်မြင်ဖြစ်ထွန်း
Jun 03,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသ(နတ်ရေကန်)တွင် ကော်ဖီစိုက် ဧက ၁၀၄၁ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
မြန်မာ့မျက်ပွင့်စာကြည့်တိုက်တွင် အင်္ဂလိပ်စာသဒ္ဒါနှင့် အင်္ဂလိပ်စကားပြော(အခြေခံ)သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲပြုလုပ်
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မြန်မာ့မျက်ပွင့်စာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြားပေးသော အင်္ဂလိပ်စာသဒ္ဒါနှင့် အင်္ဂလိပ်စကားပြော(အခြေခံ)သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့နယ်တွင် (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေး အပ်ပွဲကျင်းပ
Jun 03,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း (VDP)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း ထပ်တိုးအကောင် အထည်ဖော်ဆောင်ရွက်မည့် ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဆားတွင်းကျေးရွာ စီမံကိန်းကော်မတီဝင်များအား စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့နယ်၌ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jun 03,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများသို့ကွင်းဆင်းကာ ဒေသခံရပ် မိရပ်ဖများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံညှိနှိုင်းဆွေးနွေး
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့နှင့် သာဂရ၊ ကက္ကူ၊ ဝဲ​ဒေါင့်၊ ကြာအင်းကုန်းနှင့် ဂုံမင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ကျေးရွာအ​ထောက်အကူပြု အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က သာဂရ​ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။