သတင်းများ

သဲကုန်းမြို့၌ နွေရာသီအခြေခံ အားကစားသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းတွင် ယမန်နေ့ညနေ ၅ နာရီ အချိန်က နွေရာသီ အခြေခံ အားကစား သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်တွင် အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း‌ ဆောင်ရွက်မှု (၇၅)ရာခိုင်နှုန်းပြီးစီး
Jun 03,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့် ရေစီး‌ရေလာ‌ကောင်းမွန်စေ‌ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ် (၂၃.၅၀၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက် အ.ထ.က‌ ကျောင်းလမ်းတွင် အုတ်စီရေမြောင်း‌ တည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Jun 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ပထမအကြိမ်ထိုးနှံခဲ့သည့် နိုင်ငံ့ဝန်ထမ်း၊ ပညာရေးဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်း များထဲမှ (၃ဝ) ဦးအား  ဇွန်လ (၂) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန် ခန်းမအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကျိုက်လတ် ကကရံကြီး အလက(ခွဲ)ကျောင်း မီးရှို့ဖျက်ဆီးခံရ
Jun 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဗလီခြံရေကျော်ကျေးရွာအုပ်စု၊ ကကရံကြီးကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက်(၅)နာရီခွဲခန့် က မီးရှို့ဖျက်ဆီးခံရကြောင်းသိရသည်။
နမ္မတူမြို့နယ်ရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်
Jun 03,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ  နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၃၇)ဦး အား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌  ဆောင်ရွက်ခဲ့သည်။
ကျိုက်ဒုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 03,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဇွန်မိုးလွင်နှင့် အဖွဲ့များသည် ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက် (၁၀)နာရီခွဲက ကျိုက်ဒုံမြို့(ရှေ့တန်းရုံး)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်
Jun 03,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က မြို့မအရှေ့ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ မူလတန်း (လွန်)ကျောင်း တွင် ပြုလုပ်ခဲ့ကြသည်။
ကျွန်းလှမြို့နယ် ကျေးရွာသုံးရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်
Jun 03,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် မော်ကယ်၊ ပိန္နဲကုန်း၊ ဟဲကင်း ကျေးရွာများ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုငွေဖြင့် သောက်သုံးရေရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဦးသိဏ်းမောင် ကပြောကြားသည်။