အောင်လံမြို့နယ်၌ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 

 

 

အောင်လံ ဇွန် ၃

 

 

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင်  အောင်လံမြို့နယ်၌ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများသို့ကွင်းဆင်းကာ ဒေသခံရပ် မိရပ်ဖများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ဇေယျာ အောင်က အဖွင့်အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ ကျန်းမာရေး ဌာန၊ စိုက်ပျိုးရေးဌာန၊ လျှပ်စစ်ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက် လမ်းဦးစီးဌာန၊ မြို့နယ်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့် ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။

 

 

ထို့နောက် တက်ရောက်လာသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများမှ မိမိတို့ကျေးရွာ ၌ လျှပ်စစ်မီးရရှိရေးနှင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများ၊ ကျေးရွာချင်းဆက်လမ်းကောင်းမွန်စေရေး၊ သောက် သုံးရေရရှိရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးရေးတို့ကို တင်ပြဆွေးနွေးပြီး သက်ဆိုင်ရာဌာန များမှတာဝန်ရှိသူများက ရှင်းလင်းပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

           

 

မျိုးသိန်း