သတင်းများ

သာကေတမြို့နယ်၌ အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆို
Jun 02,2021
၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် စာဖြေဌာနအတွက် သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်ဝင်း အတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တွင် ယနေ့ နေ့လယ် (၁၂)နာရီက စတင်ကျင်းပခဲ့သည်။
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်၍ ပညာသင်ကြားနေမှုကို လိုက်လံကြည့်ရှုအားပေး
Jun 02,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ် ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်၍ သင်ကြားရေး လုပ်ငန်း‌ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် လိုက်လံကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
စေတုတ္တရာမြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jun 02,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ မွေးကင်းစမှအသက်(၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်၌ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်း အမှတ်စဥ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား
Jun 02,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုုပ်စက် သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်း(၃)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ်၌ မိုးရာသီ လူထုဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးပင်များ ပျိုးထောင် ထားရှိ
Jun 02,2021
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်၀န်းကျင် စိမ်းလန်း စိုပြေရေးကို အထောက်အပံ့ဖြစ်စေရန်၊ သဘာ၀ပတ်၀န်းကျင်ထိခိုက်ပျက်ဆီးမှု လျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးစိတ်များ ဖြစ်ပေါ်လာစေရန်၊ မိုးရာသီလူထုဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း ၅၁၄၀၀ အား ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဝေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ
Jun 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူ များကို မေလ ၂၄ ရက်မှ စတင်၍ ကျောင်းများ စတင်အပ်နှံခြင်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။
နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် ဖူးစားပြောင်းစိုက်ပျိုးတောင်သူများဈေးကောင်းရရှိ
Jun 02,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် ၊ ကြူအိုင်ကျေးရွာမှ တောင်သူများသည် ပြောင်းဖူး ပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ စိုက်ပျိုးသူများအတွက် အဆင်ပြေသောကြောင့် ဖူးစားပြောင်းများကို ထပ်မံစိုက်ပျိုးသူများလည်းရှိကြောင်း ပြောင်းစိုက်ပျိုး သူ များထံမှ သိရသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Jun 02,2021
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။