ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နှိမ်နင်းရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
May 30,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေး အနေဖြင့် မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အရန်သားဖွားဆရာမများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် NGO အဖွဲ့များမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ယနေ့ နံနက် ၇ နာရီက မြို့ပေါ်ရှိ ရပ်ကွက် နေအိမ်များသို့ သွားရောက်ကာ အဘိတ်ဆေးများ ခပ်ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။