သတင်းများ

ကျောက်တံခါး မြို့နယ်၌ ၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး
Jun 04,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေ များကို ယမန်နေ့နံနက်(၉) နာရီက ကျောက်တံခါးမြို့နယ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၌ ခင်အင်းကြီး ကျေးရွာအုပ်စုရှိ တောင်သူများကို ထုတ်ပေးလျက်ရှိကြောင်း သိရပါသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်း ကျောက်ရောမြေနီခင်းခြင်းလုပ်ငန်းပြီးစီး
Jun 04,2021
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နတ်တလင်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်လုပ်ကိုင်သော ကျေးရွာတွင်းလမ်း ကျောက်ရောမြေနီခင်းခြင်းကို ပဲမခမ်းအုပ်စု ကံသာယာကျေးရွာတွင် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သည်။
၂၀၂၁ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 04,2021
၂၀၂၁ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီခွဲတွင် ပျဉ်းမနားမြို့၊ ပေါင်းလောင်း အားကစားကွင်း၌ ကျင်းပရာ ဗိုလ်လုပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းနှင့် ပျဉ်းမနားမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တပ်ကုန်းမြို့နယ် လက်ရွေးစင် ဘောလုံးအသင်းက (၁-ဝ)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်
Jun 04,2021
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သည့် ဆီဆိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သားသမီးများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 04,2021
၂၀၂၁ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီခွဲတွင် ပျဉ်းမနားမြို့၊ ပေါင်းလောင်း အားကစားကွင်း၌ ကျင်းပရာ ဗိုလ်လုပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းနှင့် ပျဉ်းမနားမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တပ်ကုန်းမြို့နယ် လက်ရွေးစင် ဘောလုံးအသင်းက (၁-ဝ)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ကျွန်းလှမြို့၌ မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်မှု (၃၈) ရာခိုင်နှုန်းပြီးစီး
Jun 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မျိုးဆက်သစ် အားကစားသမား ပေါ်ထွန်းလာစေရန်အတွက် မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်လျက်ရှိရာ ယခုအခါ (၃၈)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးမှူးဒေါ်နွယ်နွယ်ထွန်း ကပြောသည်။
မိုင်းယောင်းမြို့ရှိ ထပ်လုံစေတီတော် အတက်လမ်း တိုးချဲ့ကွန်ကရစ်ခင်းခြင်းဆောင်ရွက်
Jun 04,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စု ဝမ်တောင်းကျေးရွာအနီးရှိ ရှေးဟောင်းသမိုင်းဝင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း)စေတီတော် အတက်လမ်း တိုးချဲ့ကွန်ကရစ်ခင်းခြင်းကို ယမန်နေ့တွင် စုပေါင်းလုပ်အားဒါနပြုခဲ့ကြောင်း မြို့နယ်ဂေါပကအဖွဲ့မှ သိရသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်
Jun 04,2021
“ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက စစ်တွေမြို့ လောကာနန္ဒာစေတီတော် ပုရိဝုဏ်အတွင်း၌ကျင်းပရာ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း တက်ရောက်သစ်ပင်စိုက်ပျိုးပေးသည်။