သတင်းများ

ဘုရားသုံးဆူမြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ပျိုးပင်ပေါင်း (၂၀၀၀၀) ပျိုးထောင်ထားရှိ
Jun 03,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ သစ်တောဦးစီးဌာန ပျိုးဥယျာဉ်အနေဖြင့် မိုးရာသီ စိုက်ပျိုးနိုင်ရန်အတွက် ကျွန်း၊ မန်ဂျာရှား၊ ပျဉ်းကဒိုးနှင့် မဟော်ဂနီ စသည့် ပျိုးပင်ပေါင်း (၂၀၀၀၀) ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
ကရင်ပြည်နယ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 03,2021
ကရင်ပြည်နယ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
မင်းလှမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်း အဝေးကျင်းပ
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ယနေ့ နံနက် ၁၀ နာရီချိန်က ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
အောင်ပွဲရ မတ္တရာမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြု ဆုချီးမြှင့်
Jun 03,2021
ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မတ္တရာမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြိုင်ကြီးငူ တိုက်နယ်ဆေးရုံတွင် မွေးစမှ (၁)နှစ်ခွဲ အရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jun 03,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် မွေးစမှ အသက် (၁) နှစ်ခွဲ အရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြိုင်ကြီးငူအထူးဒေသ တိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများ နေရပ်သို့ပြန်လည်ရောက်ရှိ
Jun 03,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ ပန်သပြေ (တောင်)၊ ကောင်းဟုန်း၊ မန်မိုင်၊ လေလု၊ နားလေကျေးရွာနှင့် မန်ဟောင်ဘုန်းတော်ကြီးကျောင်းတို့တွင် လာရောက်ခိုလှုံလျက်ရှိသော ယာယီတိုက်ပွဲရှောင်ပြည်သူများ ဇွန်လ (၁) ရက်နေ့တွင် နေရပ်သို့ ပြန်လည် ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
မိုင်းခတ်မြို့တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး
Jun 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မိုင်းခတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။