မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံညှိနှိုင်းဆွေးနွေး

ရေတာရှည် ဇွန် ၃

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ရေတာရှည်မြို့နယ် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့နှင့် သာဂရ၊ ကက္ကူ၊ ဝဲ​ဒေါင့်၊ ကြာအင်းကုန်းနှင့် ဂုံမင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ကျေးရွာအ​ထောက်အကူပြု အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က သာဂရ​ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲမှူး ဦးဝင်းတင်၊ မြို့နယ်လဝက ဦးစီးအရာရှိ ဦးဉာဏ်စိုး၊ ဒေသခံကိုယ်စားလှယ် ဦးတင်​မောင်နိုင်တို့က  မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိ​သည့် လုံခြုံ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ ရပ်ရွာ​အေးချမ်းသာယာ​ရေး၊ ဒေသဖွံ့ဖြိုး​ရေးနှင့် အ​ခြေခံပညာ​ကျောင်းများ ဖွင့်လှစ်နိုင်မှုအ​ခြေအ​နေများကို ဆွေး​နွေးပွဲ တက်​ရောက်လာသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)