သတင်းများ

ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jun 02,2021
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက် ၂၀၂၁-ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို (၂၆.၅.၂၀၂၁) ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ၊ ယမန်နေ့က ကြက်ဆူတောကျေးရွာအုပ်စုနှင့် ဆင်ခေါင်းကျေးရွာ အုပ်စုတို့မှ တောင်သူ(၇၅)ဦးတို့အား ငွေကျပ်(၃၈၆.၅)သိန်းထုတ်ချေးပေးခဲ့ကြောင်း  သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍ သင်ကြားပို့ချလျက်ရှိရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှု
Jun 02,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ဇွန် ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်းချက်များနှင့်အညီ သင်ကြားပို့ချပေး လျက်ရှိရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု ၊ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွား
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက် (၄)လမ်းတွင် ဇွန်လ ၁ ရက် မွန်းလွဲ ၁ နာရီ ၅၅မိနစ်အချိန်က ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုပွဲကျင်းပ
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်သာသနာ့ဗိမ္မာန်တော်ကြီးတွင် ၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်ဖြေဆို လျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်တွင် ဓမ္မာစရိယစာမေးပွဲကျင်းပ
Jun 02,2021
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင်  ဓမ္မာစရိယစာမေးပွဲကို အမှတ်(၂)(ဎ-ခ) စာဖြေဌာနကို မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိကျောင်းတိုက် ပထမထပ်တွင် ယမန်နေ့ နေ့လည်(၁၂)နာရီက ကျင်းပခဲ့ကျောင်း သိရှိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ သံပုရာသီးဈေးနှုန်းကျဆင်းလျက်ရှိ
Jun 02,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သံပုရာပင်များစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ်သံပုရာသီးများစွာထွက်ရှိကာ နွေရာသီကာလတွင် သံပုရာသီးဈေးနှုန်းကောင်းစွာရရှိသော်လည်း မိုးရာသီတွင် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 02,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံ ပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများ ယမန်နေ့နံနက် (၈)နာရီခွဲတွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။