နတ်မောက်မြို့နယ် အတွင်းရှိကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

 

 

 

နတ်မောက်   ဇွန်   ၃                              

 

 

မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ  နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိ သေးသည့် ဒေသခံ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန် အတွက် ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်ကနတ်မောက်မြို့နယ် ရွှေပန်းတော အုပ်စုအတွင်းရှိ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးခဲ့ သည်။

 

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးဦးဝင်းသိန်းနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု နှင့် ပျောက်ဆုံး/ ပျက်စီးမှုမရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိ ပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ 

 

 

အဆိုပါကျေးရွာအုပ်စုအတွင်းရှိ  အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ၊မ (၁) ဦး၊အသက် (၁၈)နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ် ကျား (၂)‌ဦး၊လဲလှယ် ကျား (၄)ဦး၊ မ (၃)ဦး၊ စုစုပေါင်း (၁၀)ဦးတို့အားအထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။                                                                                                  

 

 

ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို မေလ(၃)ရက်နေ့မှစတင်ကာ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း နတ်မောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းထံမှသိရသည်။ 

 

 သင်းသင်းမြတ်( နတ်မောက်)