နတ်မောက် ဇွန် ၃
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် ရေထွက်ကျေးရွာအုပ်စု ဥသျစ်ကုန်းကျေးရွာသို့ ယမန်နေ့ နံနက် (၁၀)နာရီ အချိန်ခန့်က သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေများလှူဒါန်းရာတွင် ပဲခူးတိုင်းဒေသကြီး ၊ ရွှေတောင်မြို့ ၊ ကြာနီကန်ရပ်ကွက်ရှိ အလှူရှင် ဒေါ်ခင်အေးမိသားစု ၏လှူဒါန်းမှုဖြင့် နတ်မောက်မြို့နယ် စိတ်ဓာတ်ဖြူစင် ကရုဏာရှင် လူမှုကူညီရေးအသင်းမှ အလှူရှင်မိသားစုများကိုယ်စား ကမ္ဘောဇအနာဂတ်အလင်းတန်း ရေသည် ယာဉ်ဖြင့် ရေဂါလံ (၂၈၀၀)ဆံ့ကို ရေထွက်ကျေးရွာအုပ်စု ၊ ဥသျစ်ကုန်းကျေးရွာရှိ ပြည်သူများ ထံသို့ သောက်သုံးရေများ သွားရောက် လှူဒါန်းပေးခဲ့သည်။
“ယခုလို နွေရာသီမှာ ရေတွင်းရေကန်များခန်းခြောက်ပြီး သောက်သုံးရေအခက်အခဲ ကြုံတွေ့ နေရသဖြင့် ကျေးလက်ဒေသနေပြည်သူများအတွက် သွားရောက်လှူဒါန်းပေးရခြင်း ဖြစ်ကြောင်း နဲ့ ဆက်လက်ပြီး အလှူရှင်များနဲ့ချိတ်ဆက်၍ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည့် ကျေးရွာများ ကိုလည်း သွားရောက်လှူဒါန်း ပေးသွားမှာဖြစ်ပါကြောင်း” နတ်မောက်ကွန်ရက် ပရတိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမျိုးခိုင်ထံမှ သိရသည်။
သင်းသင်းဝေ (နတ်မောက်)