ဇီးကုန်း ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မြန်မာ့မျက်ပွင့်စာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြား ပေးသော အင်္ဂလိပ်စာသဒ္ဒါနှင့် အင်္ဂလိပ် စကားပြော(အခြေခံ)သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်အောင်နှင့် စာကြည့်တိုက်ဦးစီးကော်မတီ နာယက ဦးစန်းအောင်တို့က အမှာစကားများ အသီးသီးပြောကြားပြီး စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးစံမောင်နှင့် သင်တန်းဆရာ ဦးသန်းအောင်(ယောဆရာကြီး)တို့က သင်တန်းဖွင့်လှစ်နေမှု အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်း ဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ ပြန်/ဆက်ဦးစီးမှူး၊ စာကြည့်တိုက်ကော်မတီဝင်များနှင့် ဖိတ်ကြားထား သူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
တင့်ဆွေ(ပြန်ဆက်)