ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်တွင် အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း‌ ဆောင်ရွက်မှု (၇၅)ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ   ဇွန်  ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့် ရေစီး‌ရေလာ‌ကောင်းမွန်စေ‌ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ် (၂၃.၅၀၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက် အ.ထ.က‌ ကျောင်းလမ်းတွင် အုတ်စီရေမြောင်း‌ တည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေစီးရေလာကောင်းမွန်စေ‌ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အရှည်(၇၈၅)ပေ၊ အကျယ်(၂)ပေ၊ အနက် (၃)ပေရှိ အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို မေလဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် (၇၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် လုပ်ငန်းပြီးစီးပါက မြို့သာယာလှပ‌စေပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် ကျန်းမာရေးအတွက် အထောက်အကူပြု‌မည်ဖြစ်ကြာင်း သိရသည်။

ပိုင်ကျုံ