သတင်းများ

အမ်းမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နေရပ်ပြန်ပြည်သူများသို့ ငွေနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်
Jun 03,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နေရပ်ပြန်ပြည်သူ များသို့ ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့(၁၀)နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
သနပ်ပင်မြို့နယ် တွင် အခြေခံပညာကျောင်းများ ပညာသင်ကြားနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန် ရှိသူတို့ လှည့်လည်ကြည့်ရှု့
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ဇွန် ၁ရက်နေ့မှ စတင်ဖွင့်လှစ်ကြားခဲ့ရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ခဲ့ကြောင်းသိရသည်။
သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 03,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပ ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား နှာခေါင်းစည်း Mask ဝေငှပေး
Jun 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ အထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်းနှင့် အရာထမ်းများအား ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များက နှာခေါင်းစည်း Mask များဝေငှပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ် ၊ မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ပေးလျက်ရှိ
Jun 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ အဆိုပါရုံး၌ နားပြိန်းကျေးရွာအုပ်စုရှိ တောင်သူ ၄၀ ဦးအား စပါး ၂၀ ဧကနှင့်အခြားသီးနှံ(ပြောင်း) ၂၁၂ ဧက အတွက် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်
Jun 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသားသမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာသက်ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီ ချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျောက်မဲမြို့နယ် သစ်တောဦးစီးဌာနမှ လူထုဖြန့်ပျိုးပင်ပေါင်း ၆ သောင်းကျော် ပျိုးထောင်ထားရှိ
Jun 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ယခုနှစ် မိုးရာသီကာလအတွင်း ပြည်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန်အတွက် ရည်ရွယ်၍ လူထုဖြန့် နှစ်ရှည်သီးပင်စားပင်နှင့် သစ်တောသစ်ပင် ပျိုးပင်ပေါင်း ၆ သောင်းကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေး ကြည့်ရှုစစ်ဆေး
Jun 03,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ အဖွဲ့ဝင် (၄) ဦးစောခင်မောင်မြင့်၊ အဖွဲ့ဝင်(၅)ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။